နွားထိုးကြီး မေ ၁၇
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် မြို့ပေါ်လမ်းဆုံများနှင့် ဘူးသီးကျင်းကျေးရွာရှိလူစည်ကားရာနေရာများတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျင်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ ဆက်ဆံရပါကမျက်နှာ အကာ (Faceshield)ကိုတွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တပ်နိုင်သမျှခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ အလုံပိတ်အခန်းများ အဲကွန်းခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတက်နိုင်ဆုံးရှောင်ကြဉ်ပါ၊ အိမ်အပြင်ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူ စားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ပါစသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ချက်များကိုအများပြည်သူများ သိရှိစေရန်ရည်ရွယ်၍ အသံချဲ့စက်ဖြင့်မြို့ပေါ်ရပ်ကွက်များနှင့် ဘူးသီးကျင်းကျေးရွာရှိ လူစည်ကားရာနေရာတို့တွင် လိုက်လံအသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်