မဟာအောင်မြေ မေ ၁၇
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်လှူဒါန်းပွဲကို ယနေ့မွန်းတည် (၁၂)နာရီ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က မြို့နယ်ပြည်သူ့စာကြည်တိုက်နှင့် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းတက်ရောက်လာသော သင်တန်းသား/သင်တန်းသူများအား မဟာအောင်မြေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ “ကြက်ခြေနီလှုပ်ရှားမှုအကြောင်းသိကောင်းစရာ” စာအုပ်လှူဒါန်းပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့လက်တွေ့အခက်အခဲများနဲ့ ကြုံကြိုက်လာလျှင်လည်း ကြက်ခြေနီအသင်း၏ လုပ်ဆောင်ပုံအဆင့်ဆင့်အတိုင်း လွယ်ကူစွာပြုလုပ်ကုသနိုင်မည်ဖြစ်ကြောင်း စသည့်များရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မဟာအောင်မြေမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှဒု-ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ဝါဝါရွှေက မြို့နယ်ပြည်သူ့စာကြည်တိုက်နှင့် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများအား “ကြက်ခြေနီလှုပ်ရှားမှုအကြောင်းသိကောင်းစရာ” စာအုပ်ကိုပေးအပ်လှူဒါန်းပြီး စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးက လက်ခံရယူကာ သင်တန်းသား/သင်တန်းသူများရဲ့ကိုယ်စား သင်တန်းသားတစ်ဦးကလည်း ယခုလို “ကြက်ခြေနီလှုပ်ရှားမှုအကြောင်းသိကောင်းစရာ” စာအုပ်လှူဒါန်းပေးအပ်သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အောင်ဇော်မင်း