ပုလော မေ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာအလယ်တန်း အဆင့် သင်ရိုးသစ်(Grade-8) မြို့နယ်အဆင့် Face to Face Training ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အထက-၁ ပုလောတွင် စတင်ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား စာရင်းရှိ ၃၂၉ဦးတွင် သင်တန်းသား ၂၉၀ ဦးတက်ရောက်ခဲ့ပြီး တက်ရောက် သင်တန်းသားများအား သင်တန်းကြီးကြပ် ၃ဦးနှင့် နည်းပြဆရာ ၁၄ဦးတို့က သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို မေလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
အေးအေးမော်