သံတောင်ကြီး မေ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ မေလပထမပတ်မှစတင်ပြီး လိုင်ချီးသီးများ ရင့်မှည့်ပြီဖြစ်သည့်အတွက် လိုင်ချီးစိုက် တောင်သူများအနေဖြင့် လိုင်ချီးသီများ ဆွတ်ခူးရောင်းချလျက်ရှိပြီး မေလတတိယပတ်တွင် လိုင်ချီးသီးများဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် မေလပထမပတ် လိုင်ချီးသီးများပေါ်ဦးပေါ်စတွင် တစ်ပိဿာတစ်ထုပ်လျှင် ကျပ်(၂၀၀၀)မှကျပ်(၂၅၀၀)အထိရရှိသော်လည်း မေလတတိယပတ် လိုင်ချီးသီးများ လှိုင်လှိုင်ထွက်ရှိချိန်တွင် တစ်ပိဿာတစ်ထုပ်လျှင် ကျပ်(၁၀၀၀)မှကျပ်(၁၂၀၀)အထိသာရရှိခဲ့ကြောင်း လိုင်ချီးစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
နော်နော်မူ