သံတောင်ကြီး မေ ၁၇
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ၊ Grad-8 (သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ အထကကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်၊
အဆိုပါသင်တန်းတွင်သင်တန်းနည်းပြဆရာ/ဆရာမ(၁၁)ဦးဖြင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊အလယ်တန်းကျောင်းများမှ အလယ်တန်းပြဆရာ/ဆရာမ (၁၅၂)ဦးတို့အားနေ့စဉ်နံနက် (၉)နာရီမှညနေ(၄)နာရီအထိ Grade-8 (သင်ရိုးသစ်) စာအုပ်မှ မြန်မာ၊ အင်္ဂလိပ်စာ၊သင်္ချာ ၊သိပ္ပံ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိပညာရပ်တို့ကို သက်ဆိုင်ရာဘာသာရပ်များအလိုက် မေလ(၁၆)ရက်နေ့မှ မေလ (၁၈)ရက်နေ့အထိ (၃)ရက်တာသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နော်နော်မူ