မင်္ဂလာဒုံမြို့နယ်တွင်​ရှေးဦးသူနာပြုစုနည်း အ​ခြေခံသင်တန်းဖွင့်လှစ်

မင်္ဂလာဒုံ မေ ၁၇


ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သောရှေးဦးသူနာပြုစုနည်း ခြေခံသင်တန်းကိုယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်၊ လူရွယ်များရှေးဦးသူနာပြုစုနည်းများကို သိရှိနားလည်၍ မိမိတို့ရပ်ရွာအတွင်း ပြန်လည်ကူညီ စောင့်ရှောက်တတ်စေရန်၊ အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှု ရှိစေရန်ရည်ရွယ်ချက်များဖြင့် သင်တန်းကိုဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သလိုသင်တန်းအား မေလ(၁၇)ရက်နေ့မှမေလ(၁၉)ရက်နေ့အထိ ()ရက်ကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား(သို့​) ကျောင်းသား၊ကျောင်းသူ(၂၃)ဦး တက်ရောက်လျက်ရှိသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင်လည်းမြောက်ပိုင်းခရိုင်ကြက်ခြေနီဥက္ကဋ္ဌ ဦးနေဆန်းက အဖွင့်အမှာစကားပြောကြားခဲ့ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ဆုလှိုင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအေးသွင်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့် သင်တန်းတွင်ပို့ချမည့်သင်ခန်းစာများ အကြောင်းတို့ကိုရှင်းလင်းပြောကြားခဲ့ပြီးမ င်္ဂလာဒုံမြို့နယ်​၊ ရွှေနံသာကျေးရွာအုပ်စုရှိ ရတနာဂေဟာကျောင်းအုပ်ကြီး ဦးချမ်းသာအောင်က သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဆုလှိုင်(မင်္ဂလာဒုံ)