လှည်းကူးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်လူငယ်နှင့် စာပေအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လှည်းကူး မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေး ဆရာတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre  တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုခြင်း ဖြင့် စာပေဗဟုသုတရရှိစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်မြှင့်မားလာစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် (၉) နာရီတွင် လူငယ်နှင့် စာပေအကြောင်း အသိပညာပေး Talk  Show ဆွေးနွေးပွဲကျင်း ပြုလုပ်သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က Talk Show ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှ့န်က စာပေ၏ အရေးပါမှု၊ လူငယ်များအနေဖြင့် စာဖတ်ဖို့၊ စာပေ၏ အကျိုးကျေးဇူးများကို လူငယ် များသိရှိလိုက်နာပြီး ဖတ်မှတ်လေ့လာနိုင်စေရန် အကျယ်တဝင့်ဆွေးနွေး ပြောကြားကြောင်းသိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)