နောင်ချို မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Clubအသင်းတို့ပူးပေါင်း၍ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို မေလ ယနေ့ နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး၊ မိသားစု တစ်ပိုင်တစ်နိုင် အပိုဝင်ငွေ ရရှိစေရန်နှင့် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းကို မိမိကိုယ်တိုင် တတ်ကျွမ်းထားခြင်းဖြင့် ယနေ့ခေတ်ကုန်ဈေးနှုန်း မြင့်တက်နေချိန်တွင် အိမ်အသုံးစရိတ်ကိုချွေတာရာရောက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အမျိုးသမီးအသင်း (Women Club)အဖွဲ့ဝင် ဒေါ်ရွှေဇင်ဦးက ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့ပြုလုပ် ပြသပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ သင်တန်းများ၊ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး Online မှတစ်ဆင့်ရိုက်ကူး ထုတ်လွှင့်ပေး လျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)