ပိုင်ကျုံ မေလ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင်ထိုးနှံ ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများ ကာကွယ်ဆေး ရာနှုန်ပြည့်ထိုးနှံနိုင် ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသော ကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ ကျေးရွာများအရောက် ကွင်းဆင်း၍ထိုးနှံပေးလျက်ရှိရာ မေလ ၁၆ ရက်နေ့ အထိ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၁၇,၂၄၁ ဦးရှိပြီး ပိုင်ကျုံမြို့တွင် ကျေးရွာအုပ်စု စုစုပေါင်း (၂၇) အုပ်စုရှိပြီး မေလ ၁၈ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အသက် (၁၈) နှစ်အောက် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာအုပ်စု (၁၃) အုပ်စုကို ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာအုပ်စုအတွင်းရှိ တာဝန်ရှိသူတို့ကပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများအား အအဆင်ပြေလွယ်ကူစေရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နော်ခူး (ပြန်/ဆက်)