ဒဂုံတောင် မေ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့မွန်းလွဲ (၁၃:၀၀)အချိန်ကစတင်၍ စာရေးသားနည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်းရှိ ကလေးငယ်များအခြေခံ " ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးလေး တွေရေးတက်စေရန်၊ မှန်ကန်တဲ့မြန်မာစာလုံးပေါင်းများသိရှိဖို့၊ ဝေါဟာရကြွယ်ဝစွာ သုံးစွဲတတ်ဖို့၊ သတ်ပုံသတ်ညွှန်းမှန်ကန်စွာရေးတတ်ဖို့၊ ဖတ်ထားတဲ့ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ရသစာပေတွေရဲ့ ရသတွေခံစားပြီး ပြန်လည်ရေးသားကြဖို့ စာရေးနည်းအခြေခံများသိရှိဖို့ စာရေးနည်းလမ်းညွှန်(အခြေခံ) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ နိုင်ငံတော်အဆင့် ဆုရစာရေးဆရာကြီးများမှ မေတ္တာ၊ စေတနာဖြင့် အခမဲ့ပညာဒါနအဖြစ် သင်ကြားပေးမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူမည်သူမဆို လာရောက်တက်ရောက်နိုင်ကြောင်းလည်း သိရှိရသည်။
ယခုဖွင့်လှစ်သင်ကြားပေးသော စာရေးသားနည်းသင်တန်းကိုယ် (၁၇.၅.၂၀၂၂)မှ (၂၁.၅.၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)