ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာရှိ ပတ္တမြားစေတီတွင် တည်ထားသော ကိုးကွယ်သောဘုရားငါးဆူတွင် စုပေါင်းသန့်ရှင်းရေးနှင့် လုပ်အားဒါနပြုလုပ်

နမ့်ဆန် မေ ၁၇  

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာ ပတ္တမြားစေတီ ဝန်းကျင်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ၎င်းစေတီတွင် တည်ထား ကိုးကွယ်သော ဘုရားငါးဆူကန္ဓကုရိတိုက် ပြန်လည်မွန်းမံတည်ဆောက်ရာသို့ နမ့်ဆန်မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံနှင့် ပြည်သူလူထုတို့က လုပ်အားဒါနပြုလုပ်ကြရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်မှ ကြည့်ရှုအားပေးသည်။ ပတ္တမြားစေတီအား မဏိစည်သူမင်းလက်ထက်ကတည်းကစတင်ပြီး ဘုရားငါးဆူကို တည်ခဲ့သည်မှာ (၆၇)နှစ်ရှိပြီ ဖြစ်သည်။ ယခုအခါ ထိုဘုရားငါးဆူ ကန္ဓကုဋိတိုက်သည် လေဒဏ်မိုးဒဏ်များကြောင့် အတွင်းသို့ မိုးရေများယိုခြင်း၊ မိုးရေများဝင်ရောက်ခြင်းများ၊ မြေအုပ်နံရံဖြင့်ပြုလုပ်ထားသောကြောင့် အချို့နေရာများတွင် ကွဲအက်ခြင်းများရှိနေသ ဖြင့် ရှေးမူမပျက်ပြန်လည်တည်ဆောက်မည်ဖြစ်သည်။

ထိုသို့ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် လုပ်အားဒါနပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အတူ ဌာနပေါင်းစုံ ဝန်ထမ်း (၄၀)ဦး၊ ရှေ့တန်းအမှတ်(၁၀၁)တပ်မှ အရာရှိစစ်သည် (၂၀)ဦးနှင့် ပြည်သူလူထု(၁၀၀)ဦး စုစုပေါင်း(၁၆၀)ဦးတို့က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် လုပ်အားဒါနပြုလုပ်ကြကြောင်း သိရှိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)