သတင်းများ

သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ မိုဘိုင်းဖုန်းဖြင့် ရုပ်သံ ရိုက်ကူး၊ တည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်
May 18,2022
မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့၊ နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ မိုဘိုင်းဖုန်းဖြင့် ရုပ်သံ ရိုက်ကူး၊ တည်းဖြတ်ခြင်း သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
မျက်စိဆေးရုံ တည်ဆောက်နေမှုအား သီတဂူဆရာတော်ဘုရားကြီး ကြည့်ရှု
May 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် သီတဂူမျက်စိအထူးကုဆေးရုံ ဆောက်လုပ်နေမှုနှင့် ဓါတ်ခွဲခန်းသုံး စက်ပစ္စည်းများ တပ်ဆင်နေမှုအား သီတဂူဆရာတော်ကြီးမှ ယမန်နေ့ညနေပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မိန့်ကြားခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း Booster Dose (၄၂၀၀) ဦး ထိုးနှံပြီးစီး
May 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး၍ Booster Dose အပိုထပ်ဆောင်း ထိုးနှံပေးခြင်းကို
ပေါက်ခေါင်းမြို့နယ်၌ မီးသတ်စခန်း (ကိုယ်ထူ ကိုယ်ထစခန်းသစ်) ဖွင့်လှစ်
May 18,2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် တောင်လည်နယ်မြေ မီးသတ်စခန်း (ကိုယ်ထူကိုယ်ထစခန်းသစ်) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က အဆိုပါစခန်းသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၃)ဦးအား လူမှု​ရေးပင်စင်​ ထောက်ပံ့​ပေးအပ်
May 18,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပထမ(၃)လပတ် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၃)ဦးအား လူမှု​ရေးပင်စင်​ထောက်ပံ့​ပေးခြင်းကို ယ​န့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မြင့်ဦး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ​ တာဝန်ခံဦး​ကျော်သန့်ဇင်နှင့် ဝန်ထမ်းများ၊ ရပ်/​ကျေးစာ​ရေးများ၊ ရပ်ကွက်/​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများက အိမ်တိုင်ရာ​ရောက် သွား​ရောက်​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။
စလင်းမြို့နယ်တွင်၂၀၂၂ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီထုတ်ချေးနိုင်ရေး မြို့နယ်ချေးငွေ အကြံပေးအဖွဲ့နှင့်ညှိနှိုင်းဆွေးနွေး
May 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စလင်းဘဏ်ခွဲမှ စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးအတွက် မြို့နယ် ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ(၁၈)ရက် နံနက်၉နာရီ၃၀အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆို၊တေးသရုပ်ဖော်ပြိုင်ပွဲများ ဆောင်ရွက်ပေး
May 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်း၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) သင်တန်းဖွင့်လှစ်
May 18,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW)သင်တန်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီ အချိန်က အောင်သုခရပ်ကွက် မွေးမြူရေးနှင်ကုသရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စတင်ဖွင့် လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။