ပေါက်ခေါင်းမြို့နယ်၌ မီးသတ်စခန်း (ကိုယ်ထူ ကိုယ်ထစခန်းသစ်) ဖွင့်လှစ်

ပေါက်ခေါင်း မေ ၁၈

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို  ဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ်    တောင်လည်နယ်မြေ မီးသတ်စခန်း (ကိုယ်ထူကိုယ်ထစခန်းသစ်) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က အဆိုပါစခန်းသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်နိုင်ထွန်းက နယ်မြေမီးသတ်စခန်း ဖွင့်လှစ်ရခြင်းနှင့် ပက်သက်၍        ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မီးသတ်စခန်း မြေနေရာ ပေ ၂၀၀ ပတ်လည် အလှူရှင် ဦးငြိမ်းမောင်က မြေနေရာလှူဒါန်းပေးရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားပြီး၊ တာဝန်ရှိသူများက မြေနေရာအလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်နိုင်ထွန်း၊   ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး       ဦးဇော်ဇော်ဦး နှင့် လဝကဦးစီးမှူး ဦးမြင့်စိုးတို့က မီးသတ်စခန်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)