ခန္တီး မေ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် သီတဂူမျက်စိအထူးကုဆေးရုံ ဆောက်လုပ်နေမှုနှင့် ဓါတ်ခွဲခန်းသုံး စက်ပစ္စည်းများ တပ်ဆင်နေမှုအား သီတဂူဆရာတော်ကြီးမှ ယမန်နေ့ညနေပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မိန့်ကြားခဲ့သည်။
ထိုသို့ဆရာတော်ကြီး ကြွရောက်လာရာလေဆိပ်သို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုကန်တော့ခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီး ကြွရောက်ရာလမ်းတလျှောက် တပ်မတော်မိသားစုဝင်များ၊ ဝတ်အသင်းအဖွဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံမိဘပြည်သူများက ကြိုဆိုပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)