ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၃)ဦးအား လူမှု​ရေးပင်စင်​ ထောက်ပံ့​ပေးအပ်

ဖား​​ဆောင်း မေ ၁၈

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပထမ(၃)လပတ် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၃)ဦးအား လူမှု​ရေးပင်စင်​ထောက်ပံ့​ပေးခြင်းကို ယ​န့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မြင့်ဦး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ​ တာဝန်ခံဦး​ကျော်သန့်ဇင်နှင့် ဝန်ထမ်းများ၊ ရပ်/​ကျေးစာ​ရေးများ၊ ရပ်ကွက်/​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများက အိမ်တိုင်ရာ​ရောက် သွား​ရောက်​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်အတွင်းရှိ ​ရပ်ကွက်(၂)ရပ်ကွက်၊​​​ ကျေးရွာအုပ်စု(၈)အုပ်စုနှင့်​ ကျေးရွာ​ပေါင်း(၅၆)ရွာတို့မှ သက်ကြီး ဘိုးဘွား၊ အဘိုး(၃၃)ဦးနှင့် အဘွား(၃၀)ဦး စုစု​ပေါင်း(၆၃)ဦးတို့အတွက် တစ်ဦးလျှင်​ ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့်​ ငွေကျပ်(၁၈၉၀၀၀၀)ကို အိမ်တိုင်ရာ​ရောက် သွား​ရောက်​ထောက်ပံ့ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်