စလင်း မေ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စလင်းဘဏ်ခွဲမှ စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးအတွက် မြို့နယ် ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ(၁၈)ရက် နံနက်၉နာရီ၃၀အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်အတွင်း ဘဏ်အဖွဲ့ဝင်တောင်သူများ မိုးရာသီသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို အချိန်မီထုတ်ချေးပေးနိုင်ရေးကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းအကြံဉာဏ်များကို မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မန်နေဂျာမှတောင်းခံ၍ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းအကြံပြု ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
မောင်လွင် (ပြန်/ဆက်)