လှိုင်းဘွဲ မေ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်း၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြိုင်ပွဲများဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ရုပ်ပုံများအသုံးပြု၍ အင်္ဂလိပ်/မြန်မာစာ စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ တေးသရုပ်ဖော်ပြိုင်ပွဲများကို ပျော်ရွင်စွာယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)