ကသာ မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သန့်ရှင်းသောပတ်ဝန်းကျင်၌ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီခွဲအချိန်ခန့်က ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌက အဆိုပါကျောင်းအတွင်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများပါဝင်သောအင်အားပေါင်း (၁၅၀)ဦးခန့်တို့က ကျောင်းအတွင်းအပြင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေခ (ပြန်/ဆက်)