ကန့်ဘလူ မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီးစေတီတော်တွင် ဘုရားဖူးလာ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရန်နှင့် မြို့ရွာများ သန့်ရှင်း သာယာလှပရေးတို့အတွက် မြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ မေ ၂၁ ရက် နံနက် ၇ နာရီက သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းပြီး မဟာရွှေစည်ကြီး စေတီတော်ရင်ပြင်၌ အမှိုက်လှည်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ ရောင်တော်ဖွင့်ခြင်း၊ စေတီတော်ဝင်းအတွင်း ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှိုက်သယ်ယာဉ်ဖြင့် မြို့ပြင်ရှိအမှိုက်စွန့်ပစ်ရာ သတ်မှတ်နေရာသို့ စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)