ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းများတွင်  စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

ကလေး  မေ  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်() အခြေခံပညာအထက်‌တန်းကျောင်းနှင့်  အမှတ်() အခြေခံပညာအထက်‌တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက လူထုအကျိုးပြု စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ဒေသကွက်ကဲရေးမှူးဗိုလ်မှူးချုပ်သန့်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးတို့မှ အနီးကပ်ကြီးကြပ်၍ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ နယ်မြေခံတပ်ရင်းမှတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လာရောက်ခဲ့ကြပြီး မီးဘေး အန္တရာယ်ကင်းရှင်းစေရန်နှင့်  သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ဖယ်ရှားရှင်းလင်းပေးခြင်း၊ အမှိုက်သရှိုက်များအား မော်တော်ယဉ်များဖြင့် သတ်မှတ်အမှိုက် စွန့်ပစ်သည့်နေရာများသို့သွားရောက် စွန့်ပစ်ပေးခြင်း စသည့်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

သန့်ရှင်းရေးပြုလုပ်သည့် အမှတ်() အခြေခံပညာအထက်‌တန်းကျောင်းတွင် စုပေါင်းအင်အား  ၁၆၀ ဦးနှင့် အမှတ်() အခြေခံပညာအထက်‌တန်းကျောင်းတွင် စုပေါင်းအင်အား ၁၆၀ ဦး စုစုပေါင်းအင်အား ၃၆၀ ဦးဖြင့် ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်စနေ့နေ့တိုင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးခရိုင်(ပြန်/ဆက်)