နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်

နတ်မောက် မေ ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် နယ်မြေခံတပ်ဖွဲ့ဝင်များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးတွင် ပင်မစစ်လက်နက်ပစ္စည်းတပ် (နတ်မောက်) တပ်မှူးဗိုလ်မှူးချုပ်မျိုးမင်းထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကြည့်ရှုအားပေးကြပြီး နယ်မြေခံတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/မများ စုစုပေါင်းအင်အား( ၂၅၀) ဦးခန့်ဖြင့် ကျောင်းအတွင်းအပြင်ရှိအမှိုက်သရိုက်များ၊ ချုံနွယ်ပိတ်ပေါင်းများ၊ သစ်ကိုင်းများ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခဲ့ကြပြီး ထွက်ရှိလာသည့်အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှိုက်သိမ်းမော်တော်ယာဉ်(၂)စီးဖြင့် မြို့နှင့်ဝေးရာသက်မှတ်ထားသည့်နေရာသို့ စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

လှဝင်း