ပေါက်တော မေ ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၇ နာရီက တြိဂံလမ်းဆုံမှ ပေါက်တော-မင်းပြား ကားလမ်းမြို့ဝင် ဆိုင်းဘုတ်အထိ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များက ကြီးကြပ်ကြပြီး မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေး အသင်းအဖွဲ့များစသည်ဖြင့် လူဦးရေ (၁၁၀) ကျော်ပါဝင်သော ပူးပေါင်းအဖွဲ့သည် တြိဂံလမ်းဆုံမှ ပေါက်တော-မင်းပြား ကားလမ်းမြို့ဝင်ဆိုင်းဘုတ်အထိ ချုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်း၊ အမှိုက်များကောက်ခြင်း၊ တံမြက်စည်းလှဲခြင်းစသည့် သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြပြီး၊ စည်ပင် သာယာရေးအဖွဲ့မှ အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသော နေရာများတွင် စနစ်တကျစွန့်ပစ် ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများကို အပတ်စဉ် (စနေ) နေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)