ပွင့်ဖြူမြို့နယ်၌ အာဆီယံသပြေပန်း စိုက်ပျိုးရောင်းချသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုနေ့စဉ် ဝင်ငွေရရှိ
May 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ကျေးလက်နေပြည်သူများက စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိစေရန် အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်းအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် သပြေပန်းများ ချိုးယူရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် ကြသူများထံက သိရသည်။