မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ငါး၊ ပုစွန် အအေးခန်းစက်ရုံများသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ လှည့်လည်ကြည့်ရှု

မော်လမြိုင် မေ ၂၄

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ရေထွက်ကုန်ပစ္စည်း တန်(၁၀၀)ခန့် သိုလှောင်ထားရှိနိုင်သည့် မော်လမြိုင်ဟိုဒင်းလ် ကုမ္ပဏီလီမိတက်နှင့် တန်(၂၀၀၀)ခန့် သိုလှောင် ထားရှိနိုင်သည့် သံလွင်အေး ကုမ္ပဏီလိမိတက်တို့၏ အအေးခန်းစက်ရုံများသို့ ယမန်နေ့ နေ့လယ်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မွန်ပြည်နယ်၀န်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူ များက စက်ရုံလည်ပတ်မှု အခြေအနေများ၊ စီးပွားဖြစ်ထုတ်လုပ်နိုင်မှု အခြေအနေ၊ ထုတ်လုပ် သည့် ရေထွက်ပစ္စည်းများ၊ ကုန်ချောထုတ်လုပ်မှုလုပ်ငန်းခွင် အခြေအနေများ၊ ဈေးကွက်သို့ တင်ပို့နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများဖြင့် အောင်မြင်နေသည့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းစီမံကိန်းများသို့ သွားရောက်လေ့လာပြီး မိမိတို့ပြည်နယ်နှင့် ကိုက်ညီမည့် နည်းပညာ များဖြင့် စမ်းသပ်ဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ထိခိုက်မှုမရှိစေဘဲ နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့ ညီညွတ်သော ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ခြင်းများ ဖွံ့ဖြိုးလာ စေရေးနှင့် ရေထွက်ကုန်ချော ထုတ်လုပ်မှု၊ တင်ပို့နိုင်မှုကဏ္ဍများ တိုးမြင့်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီများ၏ တင်ပြချက် အခက်အခဲ များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်