ရွှေဘို မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် အခြေခံပညာထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီချိန် ရွှေဘိုအ.ထ.က (၂) ရွှေရတု ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင်၊ ပြောင်းလဲတိုးတက်လာသော ပညာရေးစနစ် နှင့်အညီ၊ ဆရာ၊ ကျောင်းသားမိဘများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှုး ဦးအောင်ကျော်စိုးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပညာရေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ ရွှေဘိုမြို့နယ်အတွင်းမှ အခြေခံပညာထက်၊ လယ်၊ မူကျောင်းအုပ် ဆရာကြီး / ဆရာမကြီး ၁၄၉ ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြကျောင်းအုပ် ဆရာမကြီး (၂) ဦးမှ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ ၂၄ ရက်မှ မေလ ၂၅ရက်နေ့ အထိ (၂) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်