ဆင်ပေါင်ဝဲမြို့၌ ဖန်ခါးပင်ဆည် ရေထိန်းတံခါးပြိုကျပျက်စီးနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

ဆင်ပေါင်ဝဲ မေ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ယမန်နေ့က ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာန(ဆည်မြောင်း) ဦးစီးအရာရှိနှင့်အတူ ချောင်းကောက်ကျေးရွာအုပ်စု၊ ချောင်းကောက်ကျေးရွာရှိ ဖန်ခါးပင်ဆည် ရေထိန်းတံခါး ပြိုကျပျက်စီးနေမှုအခြေအနေများအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြိုကျပျက်စီးနေသော အဆိုပါရေထိန်းတံခါးအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာန(ဆည်မြောင်း)မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ပြီး လုပ်ငန်းအားအမြန်ဆုံး အကောင်းအထည်ဖော်နိုင်ရေးအတွက် စီမံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)