ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ပွဲ ကျင်းပ

လွိုင်ကော် မေ ၂၄


ကယားပြည်နယ်၊ ကျေးလက်ဒေသ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် ကယားပြည်နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်လယ်ယာကုန်ထုတ်လမ်းတံတားလုပ်ငန်းနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများအား ဒုတိယအကြိမ်တင်ဒါခေါ်ယူ၍ တင်သွင်းလာသည့် လျှောက်လွှာများအား ယ​နေ့နံနက်(၈)နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ လမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တင်ဒါကော်မတီများနှင့် ကုမ္ပဏီများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စိစစ်ခြင်း အခမ်းအနး ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ တင်ဒါကော်မတီဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ရဲမှူးကြီး မျိုးဆွေက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောဒီးဒီက တင်ဒါစိစစ်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ အကျဉ်းချုပ်တင်ပြပြီး Lot (၁)ခုချင်းအလိုက် နည်းပညာအဆိုပြုလွှာအား ကော်မတီဝင်များနှင့် ကုမ္ပဏီများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေးပြီး ရမှတ်များအား မှတ်တမ်းတင်၍ နည်းပညာအဆိုပြုလွှာ အောင်မြင်သူများအား ကြေငြာသည်။ ထို့နောက် နည်းပညာအဆိုပြုလွှာ အောင်မြင်သူများ၏ ဈေးနှုန်းအဆိုပြုလွှာအား ဖွင့်ဖောက်စိစစ်ခြင်းနှင့် ရမှတ်များအား မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စိစစ်ရာ သန်း(၂၀၀)အထက် Lot- ၁ ခုအား ကုမ္ပဏီ(၂)ခုယှဉ်ပြိုင်ရာတွင် လင်းလက်ရွှေစင်ကုမ္ပဏီမှ နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာအောင်မြင်ကြောင်း သန်း (၂၀)နှင့်သန်း(၂၀၀)အထိ Lot (၁၆)ခုအနက် Lot (6,10,14,16) (၄)ခုသာ ကုမ္ပဏီ (၇)ခုမှ တင်သွင်းခဲ့ပြီး နည်းပညာအဆိုပြုလွှာ စာအိတ် (A)နှင့် ဈေးနှုန်းအဆိုပြုလွှာ စာအိတ်(B)များအား ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေးမှု အခြေအနေများအား တင်ဒါကော်မတီအဖွဲ့၏ အတည်ပြုလက်မှတ်များနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့၏ အတည်ပြုလက်မှတ်များနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့သို့ အတည်ပြုချက်ရရှိရေး ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးအတွက် ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေတိုးပွားလာစေရန် အသက်မွေးဝမ်းကြောင်း သင်တန်းများ၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လူထုဗဟိုပြုစီမံကိန်း(CDD)လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

ကိုဇင် (လွိုင်ကော်)