ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက်

ကရသူရိ မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းသား/သူများအား ကျောင် းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉နာရီမှစ၍ စတင်လက်ခံလျက်ရှိကြောင်းသိရသည်။

ကျောင်းအပ်လက်ခံခြင်းကို KGအတန်းမှ Grade-11 အတန်းထိလက်ခံလျက်ရှိပြီးလက်ရှိတွင် လာရောက်ကျောင်းအပ်နှံကြသည့် မူလတန်းအဆင့်ကျောင်းသား/သူများကို ကျောင်းသုံးပုံနှိပ်စာအုပ်(၁)စုံနှင့်ဗလာစာအုပ်(၃)အုပ်၊ အလယ်တန်းနှင့်အထက်တန်းအဆင့်ကို ကျောင်းသုံးပုံနှိပ်စာအုပ်(၁)စုံ အခမဲ့ပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၆)နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးစည်းကမ်းများနှင့်အညီ လက်ခံဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးကပြောသည်။

အဆိုပါ ကျောင်းအပ်လက်ခံခြင်းသို့ အမှတ်(၃၈)ရေတပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး ဦးကျော်သီဟနှင့်အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်မြို့အဆင့်ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)