ကရသူရိ မေ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့တွင် မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါအား ကြို တင်ကာကွယ်တားဆီးရေးအတွက် ဖုံး/သွန်/လဲ/စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်၈နာရီက မြို့ပေါ်ရပ်ကွက်ရှိနေအိမ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး ရပ်ကွက်များနှင့်နေအိမ်များရှိ ရေတွင်း/ရေကန်များ၊ ရေတိုင်ကီများ၊ ရေပုံးများနှင့် ရေသို လှောင်ထားရှိမှုများကို ပိုလောက်လန်းကောင်များ ရှိ/မရှိစစ်ဆေးခြင်း၊ ဖုံး/သွန်/လဲ/စစ်ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးများထည့် သွင်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့သို့ဆောင်ရွက်ခြင်းဖြင့်ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နိုင်ပြီး ခြင်ပေါက်ဖွားနှုန်းကို ကျဆင်းနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း အဆိုပါဆောင်ရွက်ရာ၌ အမှတ်(၃၈)ရေတပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး ဦး ကျော်သီဟနှင့်အဖွဲ့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)