ပဲခူးမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေး
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများ စားဝတ်နေရေး အဆင်ပြေမှုရှိစေရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအားနှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီမှစ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို အဆိုပါဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။