သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဒသမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေး
May 27,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ဒသမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက သတ်မှတ်နေရာများတွင်  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌‌ဆေးများ ဆက်လက်ထိုးနှံပေး
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန်မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၃၆)လမ်းရှိ ဓမ္မရံသီဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းအချိန် က ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးရာ Covidshield First Dose ထိုးနှံသူ (၃၁)ဦး၊ Covidshield Second Dose ထိုးနှံသူ (၈)ဦး၊ Covidshield Booster Dose ထိုးနှံသူ (၃၀၂)ဦး၊ Covaxin First Dose ထိုးနှံသူ (၈)ဦး၊ Covaxin Booster Doseထိုးနှံသူ(၄၂)ဦး၊ Astra Zeneca Booster Dose ထိုးနှံသူ (၅၇)ဦးနှင့် Astra Zeneca Second Dose ထိုးနှံသူ (၁၁၃)ဦး စုစုပေါင်း (၅၆၁)ဦး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုတွင်ပါဝင်သူ ၁၃၈၉၁ ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose  ဆက်လက် ထိုးနှံပေးပြီးဖြစ်
May 27,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင် ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် စတင်လက်ခံ
May 27,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးကို လာမည့်ဇွန် (၂)ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ပညာသင်ကြားကြမည့် ကျောင်းသား/ကျောင်းသူ များအား ယမန်နေ့နံနက်မှစ၍ သက်ဆိုင်ရာ ကျောင်းအသီးသီးရှိ ဆရာ၊ ဆရာမများထံတွင် မိဘအုပ်ထိန်းသူများနှင့်အတူ ကျောင်းလာရောက် အပ်နှံလျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့ရှိ အခြေခံပညာကျောင်းများ၌ ခြင်ဆေးဖြန်းခြင်းနှင့် ရေတွင်းရေကန်များအတွင် ခြင်နှိမ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
May 27,2022
အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ခြင်ပုန်းခြင်ကြားများ ခိုအောင်းပေါက်ဖွားမှုမရှိစေရေး၊ ပိုလောက်လန်းများ မပေါက်ဖွားရေးအတွက် ကျောင်းဝန်းအတွင်းရှိ ရေတွင်းရေကန်များအတွင်း လောက်လန်းနှိမ်နှင်းရေး ဆေးများခပ်ခြင်း၊ ကျောင်းစာသင်ခန်းများနှင့် ဝန်းကျင်တွင် ခြင်နှိမ်ဆေးမှုတ်ခြင်းလုပ်ငန်းများ ယနေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 27,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ NGO အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်(၅)အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ အဘိတ်ဆေးများခပ်ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် ရာသီပေါ်သီးနှံဖြစ်သည့် ဒညင်းသီးများ  ပေါ်ဦးပေါ်စဈေးကောင်းရရှိ
May 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး ၊ကွမ်းရွက် ၊လက်ဖက် ၊ကော်ဖီ၊ ရော်ဘာများကို အသက်မွေးဝမ်းကျောင်းဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒညင်းသီး သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုမေလစတုတ္ထပတ်တွင် ဒညင်းသီးများ စတင်ဆွတ်ခူးလျက်ရှိရာ ပေါ်ဦးပေါ်စဖြစ်သည့်အတွက် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၇၈၉)ဦး လာရောက်ကျောင်းအပ်နှံ
May 27,2022
မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်ဆိုသော ပညာရေးရည်မှန်းချက်နှင့်အညီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ သတ်မှတ်ထားရှိကာ ကျောင်းအပ်နှံမှုကို လက်ခံပေးလျက်ရှိရာ ယမန်နေ့မေလ (၂၆)ရက်နေ့တွင် ကျောင်းလာရောက်အပ်နှံသူ (၂၇၈၉)ဦး ရှိကြောင်း သိရသည်။