မောင်တော မေ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ဒသမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက်ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျှက်ရှိသည်။
အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ဒသမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း ၁ ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၁၇၅ ဦး၊ မှီခိုသူ ၁၈၈ ဦး စုစုပေါင်း ၃၆၄ ဦးအား ထိုးနှံပေးခဲ့ပြီး မေ ၂၆ ရက်နေ့ထိ ဒသမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၆၄၅ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)