သတင်းများ

ငါန်းဇွန်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလက်ခံခြင်းများဆောင်ရွက်
May 27,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူ (၂၀၆)ဦးအား Booster(Astra Zeneca) ကာကွယ်ဆေးများထိုးနှံပေး
May 27,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အသက်(၄၀)အထက် ပြည်သူများအား တတိယအကြိမ် Booster အပိုဆောင်းကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းတွင်ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များ အတွင်းသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဝန်ထမ်းများ စာအုပ်စာပေ များကို အလွယ်တကူဖတ်ရှု့နိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များအတွင်းသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး Booster (Astra Zeneca) အား ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 27,2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covid Shield) ကို ၂၂၁ ဦး၊ Covixinကို ၇ ဦး၊ First Dose၊ Second Dose ထိုးနှံပြီးသည့် အသက် ၁၈ နှစ်နှင့် အသက် ၁၅ နှစ်အထက် ပြည်သူများအား ( Astra Zeneca) ကာကွယ်ဆေးကို ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀ နာရီ က ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ အရိယာဓမ္မာရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးမြို့တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေး ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကျင်းပ
May 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကလေး၊ ကလေးဝ၊ မင်းကင်းနှင့် တမူးမြို့နယ်များရှိ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်ပါဦးတည်ချက်များနှင့်အညီ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အ‌‌ခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်ဒဂုံမြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံ
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို  ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ  အခြေခံပညာ ကျောင်းများအား ယမန်နေ့မှစတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ် Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်
May 27,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ ညနေ (၃)နာရီအချိန်က အဆိုပါ ရုံးဝန်ထမ်းများဖြင့် "စာကြည့်တိုက်နှင့်သုတပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ ကျေးလက်နေ ပြည်သူများ လူမှုစီးပွား ဖွံဖြိုးတိုးတက်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလစတင်၍ ခွင့်ပြုရန်ပုံငွေကျပ် (၃၇၄.၀၀၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဘုရားကလေး၊ အဝပြန်၊ ထိုင်ကူမြစ်တန်းကျေးလက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။