တောင်တွင်းကြီးမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
May 27,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်အထက်ရှိပြီး၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်း (၆)လပြည့်ပြီးသည့် မြို့နယ်နေပြည်သူများအား ယနေ့နံနက် (၉)နာရီမှစ၍ ဂုံညင်းတန်းအုပ်စု၊ ကြမ်းကြားကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။