ညောင်ရွှေမြို့ရှိ အခြေခံပညာကျောင်းများ၌ ခြင်ဆေးဖြန်းခြင်းနှင့် ရေတွင်းရေကန်များအတွင် ခြင်နှိမ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ညောင်ရွှေ မေ ၂၇

အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ခြင်ပုန်းခြင်ကြားများ ခိုအောင်းပေါက်ဖွားမှုမရှိစေရေး၊ ပိုလောက်လန်းများ မပေါက်ဖွားရေးအတွက် ကျောင်းဝန်းအတွင်းရှိ ရေတွင်းရေကန်များအတွင်း လောက်လန်းနှိမ်နှင်းရေး ဆေးများခပ်ခြင်း၊ ကျောင်းစာသင်ခန်းများနှင့် ဝန်းကျင်တွင် ခြင်နှိမ်ဆေးမှုတ်ခြင်းလုပ်ငန်းများ ယနေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့်အလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှအခြေခံပညာ ကျောင်းများအတွင်း ကျောင်းအပ်နှံနေမှုများကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ