သံတောင်ကြီးဒေသတွင် ရာသီပေါ်သီးနှံဖြစ်သည့် ဒညင်းသီးများ  ပေါ်ဦးပေါ်စဈေးကောင်းရရှိ

သံတောင်ကြီး မေ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး ၊ကွမ်းရွက် ၊လက်ဖက် ၊ကော်ဖီ၊ ရော်ဘာများကို အသက်မွေးဝမ်းကျောင်းဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဒညင်းသီးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုမေလစတုတ္ထပတ်တွင် ဒညင်းသီးများ စတင်ဆွတ်ခူးလျက်ရှိရာ ပေါ်ဦးပေါ်စဖြစ်သည့်အတွက် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒညင်းပင်များမှာ နှစ်ရှည်ပင်များဖြစ်ပြီး စိုက်ပျိုးပြီး(၇)နှစ်ခန့်တွင်အသီးများစတင်ခူးဆွတ်နိုင်ပြီး အချို့အပင်ကြီးများမှာ အမြင့်ပေ (၄၀)ခန့် ပင်စည်လုံးပတ်(၅)ပေခန့်အထိရှိသည်။ ဒညင်းပင်များမှာ ဥယျာဉ်ခြံများအတွင်းတွင် သဘာဝအတိုင်း ပေါက် ရောက်ခြင်းရှိသကဲ့သို့ စိုက်ပျိုးခြင်းများလည်းရှိသည်။သံတောင်ကြီးဒေသထွက် ဒညင်းသီးများကို တောင်ငူမြို့ရှိ ဒညင်းသီး အဝယ်ဒိုင်များထံတွင် သွားရောက်ရောင်းချပြီး ယခုနှစ်ပေါ်ဦးပေါ်စတွင် ဒညင်းသီး(၁)ပုံးလျှင် ကျပ်၃၀၀၀၀ မှ ကျပ်၃၂၀၀၀ အထိရရှိခဲ့ကြောင်း ဒညင်းသီးစိုက်တောင်သူတစ်ဦးထံက သိရသည်။

နော်နော်မူ