စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ချင်းတွင်းလမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရပ်ကွက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ သွားလာရေး အဆင်ပြေစေရန်နှင့် မြို့အင်္ဂါ ရပ်နှင့်အညီ အဆင့်တန်းရှိစွာ နေထိုင်သွားလာနိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော မုံရွာမြို့၊ အိုးဘို တောင်ရပ်ကွက်ရှိ ချင်းတွင်းလမ်း၊ အရှည် - ၇၉၅၀ ပေအား၊ အကျယ် - ၂၂ ပေ၊ ၃ လက်မထုရှိ နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင် ရပ်ကွက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနီး ချင်းတွင်းမြစ်ကမ်းပေါ်ရှိ ချင်းတွင်းလမ်းတွင် ကျင်းပရာ လမ်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။