သတင်းများ

ကဝမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့  စာငှားဝန်ဆောင်မှုဆောင်ရွက်
May 27,2022
ပဲခူးတိုင်းဒေသကြီး၊    ပဲခူးခရိုင်၊   ကဝမြို့နယ်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဝန်ထမ်းများ   စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနရုံးသို့ စာအုပ်စာစောင်များ  အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆောင်ရွက်
May 27,2022
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်လျက်ရှိရာ ဒုတိယနေ့အဖြစ် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ မေလ(၂၇) နံနက် (၈)နာရီမှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းခရိုင် လူထုခြေပြုဗဟိုဌာနခန်းမတွင် စာအုပ်စာပေပြပွဲ  ပြုလုပ်
May 27,2022
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူလူငယ်များအား စာအုပ်စာပေပြပွဲ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြိုနယ်၌ နေကြာသီးနှံ လျာထားချက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 27,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စိုက်ကြပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ နေကြာသီးနှံစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ လျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တိုက်ကြီးမြို့နယ်တွင် Mask Campaign ဆောင်ရွက်
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ  နေအိမ်မှ ပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို ယမန်နေ့နံနက် ၇ နာရီက ဈေးရပ်ကွက် မြို့မဈေး၌ ပြုလုပ်သည်။
ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင် (၄) မှတ်တမ်းများအား Computer Software အသုံးပြု၍စိစစ်ရေးသွင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တွင်နိုင် (၄) မှတ်တမ်းများအား Computer Software အသုံးပြု၍ စိစစ်ရေးသွင်းခြင်းကို ဧပြီလ ၄ ရက်နေ့ မှစ၍ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများနှင့် အခြားဌာန ဆိုင်ရာများ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ယခုအခါ အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်
May 27,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မြို့သန့်ရှင်းရေးနှင့်မြို့ပြသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈ နာရီတွင် မြို့ဦးလမ်းနှင့်ဆေးရုံလမ်းတို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ပေါင်းမြက်များရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ရန်ကင်းကျေးရွာအတွင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။