မြို့သစ် မေ ၂၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မြို့သန့်ရှင်းရေးနှင့်မြို့ပြသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈ နာရီတွင် မြို့ဦးလမ်းနှင့်ဆေးရုံလမ်းတို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ပေါင်းမြက်များရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ကြည်မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းဖြစ်သည့် မြို့ဦးလမ်းနှင့်ဆေးရုံလမ်းတို့တွင် သစ်ကိုင်းများခုတ်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)