ကော့သောင်းခရိုင် လူထုခြေပြုဗဟိုဌာနခန်းမတွင် စာအုပ်စာပေပြပွဲ  ပြုလုပ်

ကော့သောင်း မေ၂၇

ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူလူငယ်များအား စာအုပ်စာပေပြပွဲ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

စာအုပ်ပြပွဲသို့ လာရောက်လေ့လာကြသည့် လူငယ်များအားသုတ/ရသဆိုင်ရာစာအုပ်စာပေများ၊ ဘဝတိုးတက်မြင့်မားရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ်စာအုပ်များ၊ လူငယ်တို့ထားရှိမွေးမြူ အပ်သည့်စိတ်ခွန်အား မြှင့်တင်ခြင်းဆိုင်ရာအခြားဗဟုသုတဖြစ်ဖွယ် စာအုပ်စာပေများအား ခင်းကျင်းပြသပေးထားရာ လူငယ်များကစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။ ထို့အပြင် စာဖတ်ခြင်းအလေ့အထရှင်သန် ထက်မြက်လာရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရေးနှင့် စာပေမှ အသိပညာဗဟုသုတများရှာမှီးတတ်လာစေရေး ရည်ရွယ်ကာလူငယ်များအား စာကြည့်တိုက်အသင်းဝင်ကဒ်များထုတ်ပေးခြင်းနှင့် စာအုပ်စာပေများငှားရမ်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြခဲ့ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)