တိုက်ကြီး မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ နေအိမ်မှ ပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို ယမန်နေ့နံနက် ၇ နာရီက ဈေးရပ်ကွက် မြို့မဈေး၌ ပြုလုပ်သည်။
အဆိုပါ Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းတို့ ပါဝင်သောအဖွဲ့က မြို့မဈေးအတွင်း ဈေးရောင်းချနေသူများ နှင့် ဈေးဝယ်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ပါးစပ်/ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများကို ပါးစပ်/ နှာခေါင်းစည်း Mask (၆၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးသည်။
တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်း ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ပါးစပ်/နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်