မင်းလှမြို့နယ်တွင် ၂၀၂၂-ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 28,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သစ်တောသစ်ပင်များစိမ်းလန်း စိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတုမျှတစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများစုပေါင်း၍ ယနေ့နံနက်(၇)နာရီခွဲက သံပုရာကန်ကျေးရွာ၊ ကုန်ထုတ်လမ်းဘေးမြေကွက်လပ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။