မိုင်းဆတ် မေ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်(၈)နာရီခွဲက ကျန်းမာရေးဌာနတာဝန်ရှိသူတို့က အခြေခံပညာကျောင်းများတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးဖျန်းခြင်း၊ ပိုးလောက်လန်း ခိုအောင်းနိုင်သည့် ကျောင်းတွင်းရေလှောင်ကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းနှင့် အဘိတ် (Abate)ဆေးခပ်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဌာနမှ ဆရာမဒေါ်ခင်သန်းနွယ်နှင့် ဝန်ထမ်းများက အထက(ခွဲ)(လ-၁)နှင့် အထက(ခွဲ)(လ-၂)ကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)