ပုသိမ်ကြီးမြို့နယ် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုသိမ်ကြီး       မေ       ၂၈

ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၃/၂၀၂၂)သို့ တိုင်းဒေသကြီးကြက်ခြေနီ အသင်းမှ သင်တန်းထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းထောက်ပံ့ပစ္စည်းများကို တိုင်းဒေသကြီး ကြက်ခြေနီအသင်းကိုယ်စား ပုသိမ်ကြီး မြို့နယ်ကြက်ခြေနီအသင်း အတွင်းရေးမှူး ဦးအောင်သန်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မာအေးထံသို့ ပေးအပ်ခဲ့ပြီး၊ အဆိုပါ ထောက်ပံ့ပစ္စည်း များဖြစ်သည့် Hand Gel၊ Mask ၊ ကြက်ခြေနီ သင်ထောက်ကူစာအုပ်(၅)မျိုးတို့အား သင်တန်းသား/ သူများထံသို့ ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ (၂၆)ဦး တက်ရောက်လျှက်ရှိပြီး၊ သင်တန်းကာလကို (၃)ရက်ကြာ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မာအေး(ပုသိမ်ကြီး)