သတင်းများ

အင်းစိန်မြို့နယ်၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၂) ဖွင့်လှစ်
May 28,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှု (၂/၂၀၂၂) ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကြို့ကုန်းအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ငါးလုပ်ငန်းအတတ်သင် သိပ္ပံ(ကြို့ကုန်း)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်ခဲ့သည်။
ဂန့်ဂေါမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲပြုလုပ်
May 28,2022
သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။
မော်လမြိုင်မြို့၌ ရပ်ရွာအခြေပြု အသက်မွေး၀မ်းကြောင်း အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်း အနားကျင်းပ
May 28,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာ အခြေပြု အသက်မွေး၀မ်းကြောင်း အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်ပွဲကို မေ ၂၇ ရက်နေ့ နံနက် ၁၀နာရီအချိန်က ညောင်ပင်ဆိပ်တိုးချဲ့-၂ ရပ်ကွက်၊ သာသနာ့ရောင်ခြည် ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရွှေတောင်စု‌ ခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ
May 28,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ရွှေတောင်စုခေတ်မီစံပြကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြို့နယ်၊ မကျည်းကုန်းကျေးရွာ အုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြ ကျေးရွာရှိ ယာယီရှင်းလင်းဆောင်၌ပြုလုပ်ခဲ့သည်။
ဒလမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နိုင်ရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ
May 28,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ကျောင်းအပ်နိုင်ရေး ရက်သတ္တပတ် အခမ်း အနားကို နံနက်  ၉ နာရီအချိန်တွင်ကျင်းပပြု လုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်မြို့နယ်ရှိ စာသင် ကျောင်းဆောင်သစ် (၂)ဆောင်အား တက်ရောက်ဖွင့်လှစ်
May 28,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေလ ၂၈ ရက် နံနက်က ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ ၊ စာသင် ကျောင်းဆောင်သစ် (၂)ဆောင်အား တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အသက် ၄၅ နှစ်အောက် ဒေသခံပြည်သူများအား တတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းအပို ထိုးနှံပေးမည်
May 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက် ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကူးစက်ရောဂါကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍  ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ  အသက် ၄၅ နှစ်အောက် ဒေသခံပြည်သူများကိုလည်း တတိယအကြိမ် ကာကွယ်ဆေး ထပ်ဆောင်းအပို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ
May 28,2022
ဒေသခံပြည်သူများ သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည် နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ် အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၈)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရပ်ကွက်၊ (အမက) ကျောင်းဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ ခဲ့ကြောင်းသိရသည်။