သတင်းများ

ပူတာအိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်/မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညသင်နှစ် ခရိုင်/မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 28,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မိုးကြိုကာလသစ်ပင်စိုက်ပျိုး ပွဲတော်ကိုမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး ၍ ယနေ့နံနက်(၉)နာရီအချိန်က ဆင်ပေါင်ဝဲ မြို့နယ်၊ ကိုးပင်ကျေးရွာ၊ မဟာဗောဓိကုန်း‌‌တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့တွင် “ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့” မြေစိုက်ပိုစတာစိုက်ထူ
May 28,2022
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြိုအခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျောင်းသား/ကျောင်းသူများနှင့် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်ရည်ရွယ်၍ မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster) နှင့် Covaxin ထိုးနှံပေး
May 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကို ဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်၂၅နှစ်အောက် ရပ်ကွက်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
May 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် ရပ်ကွက်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်၉နာရီတွင် လှိုင်မြို့နယ် အမျိုးသားအားကစားရုံ၊ ဖူဆယ်ဘောလုံးကွင်း၊ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့သည်။
အလုံမြို့နယ်၌  ကိုဗစ်-၁၉ရောဂါကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေး ဆောင်ရွက်
May 28,2022
ရန်ကုန်အ​နောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေးအတွက်  ဦးတည်အုပ်စုများအလိုက်ထိုးနှံခြင်းကို အလုံမြို့နယ်ခန်းမ၌ ထိုးနှံ​ပေးလျက်ရှိရာ ယ​​နေ့တွင်  Phrase- 10 Second Dose ထိုးနှံသူ (၃၃)ဦး၊  Phrase-11 First Dose ထိုးနှံသူ (၁၃) ဦး၊  Boosterထိုးနှံသူ(၁၁၀) ဦး စုစု​ပေါင်း (၁၅၆) ဦးတို့အား ထိုးနှံ​ပေးခဲ့​ကြောင်းသိရသည်။
လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းထိုးနှံ
May 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၅)နှစ်မှ အသက်(၁၈) နှစ်နှင့်အထက်ဒေသနေပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန် ဆောင်နှင့်နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းကသာယာကုန်းကျေးရွာအုပ်စုတွင် တာဝန်ရှိသူများကကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများနှင့်ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများအားကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ပေးသည်။
စလင်းမြို့နယ်တွင် ကျေးရွာအုပ်စု(၃)စုမှ အိမ်ထောင်စု(၃၂)စုနှင့် လူဦးရေ(၁၁၈)ဦး ဧရာဝတီမြစ်ကမ်းပါးပြိုကျမည်စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့
May 28,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃)အုပ်စုဖြစ်သည့် သနပ်ကုန်းကျေးရွာ၊ ငွေသောင်ကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု(၃၂)စုတို့သည် ယမန်နေ့ဧရာဝတီမြစ်ကမ်းပါးများ ရေတိုက်စား၍ ပြိုကျမည်စိုးရိမ်ရသဖြင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။