အထက်မင်းလှ မေ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သစ်တောသစ်ပင်များစိမ်းလန်း စိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတုမျှတစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများစုပေါင်း၍ ယနေ့နံနက်(၇)နာရီခွဲက သံပုရာကန်ကျေးရွာ၊ ကုန်ထုတ်လမ်းဘေးမြေကွက်လပ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိန်ကျော်ငွေနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီးမိုးရာသီအကြိုသစ်ပင်စိုက်ပွဲ တက်ရောက်လာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ပျိုးပင်များပေးအပ်ခဲ့ပြီး စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၃၀၀)၊ ပိတောက်(၁၅ဝ)၊ ယင်းမာ(၉၀)၊ စုစုပေါင်းပျိုးပင် (၅၄၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)