ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု (၂၆၆၅၉၇)ဦးထိုးပေးနိုင်ပြီဖြစ်

ညောင်ဦး  မေ  ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ (၂၆၆၅၉၇)ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာနေရာအသီးသီး၌ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူ (၂၆၆၅၉၇)ဦး ထိုးပေးနိုင်ပြီ ဖြစ်ကြောင်းဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန်မလွယ်ကူသည့်နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံမှ သိရသည်။

ကိုထိန်၊KPD