လိပ်သို မေ ၂၈
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့တွင် မိုးတွင်းကာလခြင်ပေါက်ဖွားမှုနှုန်း လျော့နည်း စေရန်၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့်ကြိုတင် ကာကွယ်ထားနိုင်ရန် ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကိုယမန်နေ့ မွန်းလွှဲ ၃ နာရီမှစတင်၍အမှတ် (၁) ရပ်ကွက်အတွင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်မှဦးစီးပြီး တိုက်နယ်ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှေက်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖတို့ပူးပေါင်းပါဝင်ကာ ရပ်ကွက်အတွင်းရှိဌာနဆိုင်ရာရုံးများ၊ လူနေအိမ်များရှိ ရေလှောင်ကန်များ၊ ရေစည်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ မိုးရေတင်နိုင် သည့် ရေအိုး ရေပုံးများ၊တာယာဟောင်းများ၊ ဘုရားပန်းအိုးများအား ဖုံး၊ သွန်၊ လဲ စစ်ခြင်းများ ပြုလုပ်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် အိမ်ရှင်များ လုပ်ဆောင်ထား သင့်သည်များကို တစ်အိမ်ဝင် တစ်အိမ်ထွက် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
စောဝေါ်ကွောထူး(ရုပ်/သံ-၃)