သတင်းများ

ပြည်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး
May 28,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်း ကျင်စိမ်းလန်း စိုပြည်စေရေး၊ သစ်တောပြုန်းတီးမှုများမဖြစ်ပေါ် စေရေးနှင့် ဒေသတွင်းအပူချိန် လျော့ကျလာစေပြီး သစ်တောသစ် ပင်ကာကွယ်ထိန်း သိမ်းရေးတို့အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ အောင်မြင်ဗာဟု ဘုရားအနီး ကြိုးပြင်ကာကွယ်တော၌ ယနေ့နံနက် ၈ နာရီက မိုးရာသီအကြိုသစ် ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် နဝမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) ဆက်လက်ထိုးနှံ
May 28,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား နဝမအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသောဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
​ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းများစတင်အပ်နှံ
May 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ(၂၆)ရက်နေ့ မှစ၍ စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
မြေဆီလွှာ အဟာရ ဖွံ့ဖြိုးတိုးတက်ရေး ပိုက်ဆံလျှော် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပြီး ကြဲပက်စိုက်ပျိုးကွင်းသရုပ်ပြပွဲ ကျင်းပ
May 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ခင်မွန်ကျေးရွာခင်မွန်နည်းပညာ ပြန့်ပွားရေးစင်ကာတွင် ယမန်နေ့နံနက်ပိုင်းက မြေဆီ လွှာအဟာရ ဖွံ့ဖြိုးတိုးတက်စေသည့် ပိုက်ဆံလျှော် မျိုးစေ့များကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ များ စုပေါင်းပြီးကျင်းပခဲ့သည်။
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ​​​​​​​စဉ်ဆက်မပြတ် ဆောင်ရွက်ပေး
May 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့်အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာယနေ့နံနက်ပိုင်းက စာရေးဆရာရဲမွန်၏ ကြောင်လေးတွေရဲ့အလေ့အထ သဘာဝခေါင်းစဉ်ဖြင့် ဆောင်းပါးမိတ်ဆက်ခြင်းအစီအစဉ်ကို ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 28,2022
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် ကို မေလ ၂၆ ရက်နေ့မှဇွန်လ ၁ ရက်နေ့အထိသတ်မှတ်ထားရှိ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမတွင် ယနေ့နံနက် ၈နာရီက ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 28,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဂေဟ စနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှု ကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က ရွှေဖလား ကြိုးဝိုင်း၊ အကွက်အမှတ်(၁၀၇)၌ ကျင်းပပြုလုပ်ခဲ့သည်။
မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဒသမအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေး
May 28,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ဦးတည်အုပ်စုတွင်ပါဝင်သည့်သူများအား ဒသမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက  သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။